미얀마 양곤이 폭우로 인한 홍수 등 자연재해 발생

 

미얀마 정부에 따르면 최근 양곤 등지에서는 최근 폭우로 인한 홍수 등 자연재해로 교통이 마비되는 등 국민들이 고통을 겪고 있다고 19일 밝혔다.

또한, 안다만 해와 벵골 사우스 베이, 중등도 등에서 강한 몬순기후가 됐다고 밝혔다.

သြဂုတ် ၁၇ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံခဲ့ပြီး ယာဉ်ကြော ကြပ်တည်းမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ချိန်မှာ ညနေပိုင်းတွင် အများပြည်သူ ရုံးဆင်းချိန်ဖြစ်သဖြင့် သွားလာရ ခက်ခဲခဲ့ကြသည့်အပြင် ယာဉ်ကြောကြပ်တည်းမှုမှာလည်း ပိုမိုဆိုးရွားခဲ့ ကြောင်း သိရသည်။
“ကျွန်တော်ဆို ခါတိုင်း မြေနီကုန်းမီးပွိုင့်မှာ ကားပိတ်တာ ၁၀ မိနစ် လောက်ပဲကြာတာ။ ဒီနေ့ ကားပိတ်တာ ၄၅ မိနစ်လောက်ကြာတယ်။ ခါတိုင်း သာကေတကနေ လှည်းတန်းအထိ ညနေ ၅ နာရီလောက်သွားလိုက်ပြီဆို ၆ နာရီခွဲလောက်ဆို ပြန်ရောက်ပြီ။ ဒီနေ့ ရှစ်နာရီ ထိုးခါနီး မှ ပြန်ရောက်တယ်။ မီးပွိုင့်တွေက စိမ်း လည်းသွားလို့မရဘူး။ ကားတွေက အကုန် ပိတ်နေတာ” ဟု သာကေတမြို့နယ်မှ ကုမ္ပဏီ ယာဉ်မောင်းအမျိုးသားတစ်ဦးက ၎င်းကြုံတွေ့ရပုံအား ပြောကြားသည်။
ထိုသို့ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ ခြင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်နှင့်ပုဇွန်တောင် မြို့နယ်အတွင်းမှ ရေကြီးရေလျှံမှုပုံများ၊ ကားများ ဘီးမြုပ်နေသည်အထိရေကြီးနေပုံများ၊ ဘတ်စ် ကားမှတ်တိုင်ရေမြှပ်နေမှုကြောင့် ခရီးသည်များ ထိုင်ရန်ပြုလုပ်ထားသည့်ခုံများပေါ်တွင် ခရီးသည်များကတက်၍ မတ်တပ်ရပ်ကာ ဘတ်စ်ကားစောင့် နေသည့်ပုံများ၊ ဒူးခေါင်းအထိရေမြှပ် နေသော်လည်း မိုးရွာထဲတွင်ထီးဆောင်းကာ လမ်းလျှောက်နေသည့်ပုံများ၊ ‘ရေအောက် မြို့တော်’ ‘သိမ်ဖြူမြစ်’ အစရှိသည့် စာသား များကိုလည်းရေးသား၍ လူမှုကွန်ရက် အသုံးပြုသူ ပြည်သူများကဓါတ်ပုံများ ရိုက်ကာ Facebook လူမှုကွန်ရက်တွင် ပြန်လည်မျှဝေခဲ့ကြသည်။

ဘင်္ဂလားပင်လယ်အော် အနောက် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နေပြီးမုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေသည့်အတွက် မြန်မာနိုင်ငံနေရာအနှံ့တွင်မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန် ကြားမှုဦး စီးဌာနက သြဂုတ် ၁၃ ရက်တွင် သတင်းထုတ်ပြန်ကြေညာခဲ့သည်။
မိုးလေဝသနနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာန၏ သြဂုတ် ၁၇ ရက် မိုးလေဝသတင်းထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားအနည်းငယ်မှ အားအသင့်အတင့်ရှိနေပြီး ကျန်ဘင်္ဂလားပင် လယ်အောက်တွင်မုတ်သုံလေအား အသင့်အနေရှိနေကြောင်း ရန်ကုန် မြို့နှင့်အနီးတဝိုက်အတွက် သြဂုတ် ၁၈ ရက် မွန်းတည့်ချိန် အထိ ခန့်မှန်းချက်မှာ မိုးတစ်ကြိမ် နှစ်ကြိမ် ထစ်ချူန်းရွာမည်ဖြစ်ပြီးရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။
ထုတ်နှုတ်/  eleven မီဒီယာ ဂရု ၁၇ . ၈.၂၀၂၀ ဖော်ပြ  

* 위 정보는 한국뉴스와 협약을 맺은 외국인센터 객원기자가 정리하였습니다.

저작권자 © 한국뉴스 무단전재 및 재배포 금지