미얀마, 한국 재입국 근로자 9월 초 예정

 

 미얀마 노동부 관계자는 내달 초 재입국 노동자가 한국으로 돌아갈 것으로 계획하고 있다고 19일 밝혔다.

တောင်ကိုရီးယားနိုင်ငံ သို့ Re-entry လုပ်သားများအား စက်တင်ဘာ လဆန်းပိုင်းတွင် ပြန်လည်စေလွှတ်နိုင်ရန် ခန့် မှန်းထားကြောင်း  အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
တောင်ကိုရီးယားနိုင်ငံတွင်  လုပ်သက်ပြည့် လုပ်ကိုင်ခဲ့ပြီး နောက် နောက်တစ်ကြိမ်ထပ်မံ သွားရောက်လုပ်ကိုင်မည့် Re- entry အလုပ်သမားများပြန်လည် စေလွှတ်နိုင်ရန်  အစိုးရ၊ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင် စီက ကြိုးစားနေခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် တောင် ကိုရီးယား၌ ပြန်လည်လုပ်ကိုင်နိုင် မည့် Re-entry လုပ်သားများစာ ရင်းထုတ်ပြန်ထားပြီး ပြည်ဝင်ခွင့် ဗီဇာလျှောက်ထားကြောင်း  အ ထက်ပါတာဝန်ရှိသူကဆိုသည်။
‘‘ဗီဇာက သုံးပတ်လောက် စောင့်ရမှာဖြစ်လို့။ ဒီလကုန် လောက်မှာ လေကြောင်းလိုင်း တွေနဲ့ချိတ်ဆက်ပြီးနောက် လ ဆန်းပိုင်းလောက်မှ  ထွက်ဖြစ် မယ်လို့မှန်းထားတယ်’’ ဟု ၎င်း က ပြောသည်။
ဗီဇာ လျှောက်ထားသည့် Re-entry လုပ်သား ဦးရေ ၁၀၀ ကျော်ရှိပြီး စက်တင်ဘာ၌ စေ လွှတ်နိုင်မည့် အလုပ်သမားဦးရေ ကိုမူ တာဝန်ရှိသူများကထုတ်ဖော်  ပြောကြားခြင်းမရှိသေးပေ။
အဆိုပါအလုပ်သမားများ အား စေလွှတ်နိုင်မည်ဆိုပါက မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါ ဖြစ်ပေါ်သည့် မတ်လ  နောက်ပိုင်း ပြည်ပသို့ပထမဆုံးအ လုပ်သမားပြန်လည်စေလွှတ်နိုင် မှုဖြစ်လာမည်ဖြစ်သည်။ မြန်မာ နိုင်ငံတွင် COVID-19 ကပ်ရော ဂါကြောင့် မတ်လကစ၍ ပြည်ပ သို့ အလုပ်သမားစေလွှတ်မှုရပ် နားထားသည်။
ထုတ်နှုတ်/ 7Day News ဂျာနယ် ၁၇.၈.၂၀၂၀ ဖော်ပြ   

 

* 위 정보는 한국뉴스와 협약을 맺은 외국인센터 객원기자가 정리하였습니다.

저작권자 © 한국뉴스 무단전재 및 재배포 금지